ဥရောပ • 1 min read
သတင်း

ကန်၌ Black Friday အွန်လိုင်းဈေးဝယ်သုံးစွဲမှု ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိနိုင်

One News

Nov 28, 2026

ကန်၌  Black Friday အွန်လိုင်းဈေးဝယ်သုံးစွဲမှု ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိနိုင်
0 Shares
12 Views

 

အမေရိကန်မှာ  အခုနှစ် Black Friday အွန်လိုင်းဈေးဝယ်သုံးစွဲမှုဟာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်အထိ ရှိလာနိုင်တယ်လို့ Adobe Analytics က ခန့်မှန်းထားတာကို Reuters သတင်းမှာဖော်ပြပါတယ်။

ငွေကြေးဖောင်းပွမှုနဲ့ လောင်စာဆီဈေးနှုန်း မြင့်တက်မှုတွေကြောင့် စားသုံးသူတွေရဲ့ အသုံးစရိတ်အပေါ် ဖိအားတွေရှိနေပေမယ့် ဈေးလျှော့ရောင်းချမှုတွေကို ရှာဖွေနေတဲ့ ဝယ်ယူသူတွေကြောင့် အွန်လိုင်းဈေးဝယ်မှုက ဆက်လက်အားကောင်းနေတယ်လို့ ဆိုပါတယ်။Adobe ရဲ့ အချက်အလက်တွေအရ Black Friday နေ့ အမေရိကန်အရှေ့ပိုင်းစံတော်ချိန် ညနေ ၆ နာရီခွဲအထိ အွန်လိုင်းဈေးဝယ်ယူသုံးစွဲမှုဟာ ဒေါ်လာ ၉ ဒသမ ၇ ဘီလီယံ ရှိခဲ့ပါတယ်။ ဒါဟာ မနှစ်က အလားတူကာလထက် ၁၂ ဒသမ ၈ ရာခိုင်နှုန်း ပိုများလာတာ ဖြစ်ပါတယ်။

တစ်နေ့တာလုံးအတွက် စုစုပေါင်းအွန်လိုင်းဈေးဝယ်သုံးစွဲမှုဟာ ဒေါ်လာ ၁၃ ဘီလီယံကနေ ၁၃ ဒသမ ၄ ဘီလီယံ ကြားရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါ့အပြင် စနေ၊ တနင်္ဂနွေ နေ့တွေမှာလည်း အွန်လိုင်းဈေးဝယ်မှုအားကောင်းနေဦးမယ်လို့ မျှော်မှန်းထားပါတယ်။စနေနေ့မှာ အွန်လိုင်းဈေးဝယ်သုံးစွဲမှု ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံရှိလာနိုင်ပြီး မနှစ်ကထက် ၆ ရာခိုင်နှုန်း တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။ တနင်္ဂနွေနေ့မှာတော့ ဒေါ်လာ ၆ ဒသမ ၄ ဘီလီယံအထိ ရှိလာနိုင်ပြီး ၇ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ ဆိုပါတယ်။

ဒီနှစ်ရဲ့ အွန်လိုင်းဈေးဝယ်မှုအများဆုံးနေ့အဖြစ် Cyber Monday က ဆက်လက်ရပ်တည်နိုင်မယ်လို့လည်း Adobe ကခန့်မှန်းထားပါတယ်။ အဲဒီနေ့မှာ သုံးစွဲမှုဟာ ဒေါ်လာ ၁၅ ဒသမ ၁ ဘီလီယံအထိရှိလာနိုင်ပြီး မနှစ်ကထက် ၆ ဒသမ ၂ ရာခိုင်နှုန်းတိုးလာမယ်လို့ မျှော်မှန်းထားပါတယ်။Thanksgiving နေ့ကနေ Cyber Monday အထိ ငါးရက်တာကာလအတွင်း အွန်လိုင်းဈေးဝယ်သုံးစွဲမှု စုစုပေါင်း ဟာ ဒေါ်လာ ၄၇ ဒသမ ၅ ဘီလီယံအထိရှိလာနိုင်ပြီး အရင်နှစ်ထက် ၇ ဒသမ ၄ ရာခိုင်နှုန်း တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

One News Myanmar သတင်းဌာနမှ တင်ဆက်သော သတင်းများကို အချိန်နှင့် တပြေးညီ ရယူဖတ်ရှုနိုင်ရန် Subscribe ပြုလုပ်ထားပါ

SUBSCRIBE
ဆက်စပ်နေသော ရေးသားချက်များ
featured post
ဥရောပ
သတင်း

ကိုလံဘီယာတွင် ၂၀ ဦးကို ဓားစာခံအဖြစ် လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးထား

One News

Nov 25, 2026 27

ကိုလံဘီယာနိုင်ငံ၊ ကာတာဂျီနာမြို့မှာ လက်နက်ကိုင်တစ်စုက စူပါမားကက်တစ်ခုထဲမှာ လူပေါင်း အယောက် ၂၀ ကို ဓားစာခံအဖြစ် ဖမ်းဆီးထားတယ်လို့ ရဲတပ်ဖွဲ့က အင်္ဂါနေ့မှာ ပြောကြားခဲ့တာကို Reuters သတင်းမှာ ဖော်ပြ ထားပါတယ်။